ပြင်ဦးလွင် ဇွန် ၁၈
ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) ဆက်လက် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် လျှာပေါ်ဝဲကွတ်ကီးပြုလုပ်ခြင်း၊ နှမ်းကွတ်ကီးပြုလုပ်ခြင်း၊ ထောပတ်ပလိန်းကိတ်ပြုလုပ်ခြင်း၊ ကော်ဖီကိတ်ပြုလုပ်ခြင်း၊ ကော်ဖီကိတ်ခြောက်ပြုလုပ်ခြင်း၊ ငှက်ပျောကိတ်၊ ကော်ဖီကွက်ကီး၊ ချီဖွန်ကိတ် ပြုလုပ်နည်းနှင့် Donuts ပြုလုပ်နည်းများကို သင်ထောက်ကူပစ္စည်း အစုံအလင်ဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို (၁၃ - ၆ - ၂၀၂၃) နေ့မှ (၁၉ - ၆ - ၂၀၂၃) ရက်နေ့အထိ သင်တန်းကာလ (၇) ရက်ဖြင့် နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၆:၀၀) နာရီအတွင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မုန့်လုပ်နည်း စိတ်ဝင်စားသူ၊ တစ်ပိုင်တစ်နိုင် အိမ်တွင်း အသေးစား စက်မှုလက်မှု လုပ်ငန်းလုပ်ကိုင်လိုသူများနှင့် Bakery အမျိုးမျိုး ထုတ်လုပ်ရောင်းချလိုသည့် စိတ်ပါဝင်စားသူ သင်တန်းသား (၂၅) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ဖြူလူသစ်