ရွှေတောင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရွှေတောင် ဇွန် ၁၉

၂၀၂၃-ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ရွှေတောင် ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ မြန်မာအမျိုးသမီးများ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ "မြန်မာအမျိုးသမီးများနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းမှု" ခေါင်းစဉ်ဖြင့် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၅၀) ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများကို မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)