တနင်္သာရီတိုင်းဒေသကြီး

ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ ကျင်းပ

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာအရေးပြိုင်ပွဲကို ယနေ့နံနက်၉နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကရသူရိမြို့၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့ အခြေခံပညာအထက်တန်း‌‌ကျောင်း၌ (၇၇)နှစ်‌မြောက် အာဇာနည်နေ့ ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာ ဗဟု သုတရရှိရေး (၇၇) နှစ်‌မြောက်၊ အာဇာနည်နေ့ ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်း ‌ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ် ၃ ရပ်ကွက် ရှိ စာပန်းခင်းစာကြည့်တိုက်၌ ကျင်းပခဲ့သည်။

မြိတ်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်  မိုးရာသီသစ်ပင် စုပေါင်းစိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် မိုးရာသီသစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့က ကလွင်ကျေးရွာ အ.လ.က(ခွဲ) ကျောင်းတွင် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပခဲ့သည်။

ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများတွေ့ဆုံပွဲ တက်ရောက်

ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ခမောက်ကြီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ခြင်နိုင်ဆေးဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ရောဂါဘယကင်းရှင်းစွာဖြင့် ပညာသင်ကြားနိုင်စေရန်အတွက်  သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.လ.က ယုဇနကျောင်းတွင် ခြင်နိုင်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသော မြိတ်မြို့နယ်ပညာရေး ငွေစုငွေချေး သမဝါယမအသင်းဝင် ဆရာ၊ ဆရာမများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် (၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသော မြိတ်မြို့နယ် ပညာရေးငွေစုငွေချေး သမဝါယမအသင်းဝင် ဆရာ/ဆရာမများ၏ သား၊ သမီး (၂၅)ဦးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပညာရေးငွေစုငွေချေး သမဝါယမအသင်းတွင်  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

မြိတ်မြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို အ.ထ.က(၁)ကျောင်းတွင် ယမန်နေ့က ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/သူ (၉၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြည်ထောင်စုလမ်းမကြီးပေါ် ရေကျော်မှုမဖြစ်စေရန် Box /Pipe Culvert အဝင်/အထွက် အမှိုက်ပိတ်ဆို့နေမှုများရှင်းလင်း

မိုးရာသီကာလအတွင်း မိုးရွာ‌သွန်းမှုများခြင်း၊ တောင်ကျရေများစီးဆင်းခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက်  ခမောက်ကြီးမြို့လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက Box /Pipe Culvert  အဝင်/အထွက်ပိတ်ဆို့နေသော ခြုံ၊ နွယ်၊ အမှိုက်များအား ရှင်းလင်းဖယ်ရှားခြင်းကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး