တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၊ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ ယမန်‌နေ့က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ဆရာ/ဆရာမများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ကြီးကြပ်မှုဖြင့် ဆရာဦးဇော်လွင် ဦးဆောင်၍ ဆရာ/ဆရာမများက  ယနေ့နံနက် ၉ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေးခဲ့သည်။

မြိတ်မြို့တွင် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု ချမ်းအေးကျောင်းတိုက်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း၏ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ယမန်နေ့က မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍  ဖွင့်လှစ်ခဲ့သည်။

ဘုတ်ပြင်းမြို့၌ (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲကျင်းပ

နင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) အချိန်က ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဥပဒေစာကြည့်တိုက် အဆောက်အအုံ အသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဥပဒေစာကြည့်တိုက်အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ကျင်းပသည်။

မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာ ရွတ်ဆိုပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်ပြပွဲကို ယနေ့ နေ့လယ် (၂) နာရီက ပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့၊ အခြေခံပညာအထက်‌တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး