ပလောက် ဇူလိုင် ၁၅
(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာအရေးပြိုင်ပွဲကို ယနေ့နံနက်၉နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာမ ဒေါ်ခင်မော်ကြည်က “အာဇာနည်နေ့တို့မမေ့” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် (၄) ဦး၊ ကဗျာအရေးပြိုင်ပွဲတွင် (၆) ဦး၊ အလယ်တန်းအဆင့်ကဗျာအရေးပြိုင်ပွဲတွင် (၅) ဦး၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင်(၃)ဦး၊ စုစုပေါင်း(၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာမ ဒေါ်ခင်မော်ကြည်နှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)