ကရသူရိမြို့၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကရသူရိ ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူးနှင့် တိုက်နယ်တာဝန်ခံဆရာဝန်တို့ဦးစီး၍ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ သတ်တမ်းလွန်‌ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်‌ဆေးခြင်း၊ တားမြစ်ထားသည့်ဆေးဝါးများ၊ ဆေးဝါးရောင်းချမှု ခွင့်ပြုချက်ရှိ/မရှိနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)