ခမောက်ကြီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ခြင်နိုင်ဆေးဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိ

ခမောက်ကြီး ဇူလိုင် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ရောဂါဘယကင်းရှင်းစွာဖြင့် ပညာသင်ကြားနိုင်စေရန်အတွက်  သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.လ.က ယုဇနကျောင်းတွင် ခြင်နိုင်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ခြင်နိုင်ဆေးဖျန်းခြင်းများဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ခမောက်ကြီးမြို့ နယ်‌မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် အ.လ.က ယုဇနကျောင်းရှိ စာသင်‌‌ကျောင်းခန်းများ၊ လူသွားလမ်းများ၊ ကျောင်းဆောင်များနှင့် ကျောင်းဝန်းအတွင်း ခြင်နိုင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)