တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အားကစားအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး အားကစားအဖွဲ့အားအောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကိုယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့သည်။

ကျွန်းစုမြို့တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအကြောင်း အသိပညာပေး ဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေများအကြောင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်း၌ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က လူထုအ‌ခြေပြုဗဟိုဌာနတွင်ဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့ အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းဘင်ခရာအသင်း စတင်တည်ထောင်ရန် မတည်ငွေများလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အ.ထ.က(ခွဲ) အ.လ.က(၂) ရွှေမင်းဝံကျောင်း၊ ဘင်ခရာအသင်းစတင်တည်ထောင်ရန် မတည်ငွေများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အ.ထ.က(ခွဲ)အ.လ.က (၂) ကျောင်း၊ မဟော်ဂနီခန်းမတွင် ပြုလုပ်ခဲ့သည်။

ပုလောမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းကာ ကမ်းနီးကမ်းဝေးရေလုပ်ငန်းရှင်များနှင့် ရေလုပ်သားများ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၉ နှစ်ပြည့်ပြီး အသက် ၁၂ နှစ်မပြည့်‌သေးသော ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးစတင် ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ အသက် ၉ နှစ်ပြည့်ပြီး အသက် ၁၂ နှစ်မပြည့်‌သေးသော ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ ဆရာမများက (HPV)သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

“ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့” ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ကျရောက်မည့် (၁၀၄)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား ဖြန့်ဝေခဲ့သည်။

သရက်ချောင်းမြို့နယ် (Community Centre)ခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ယမန်နေ့က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ် (Community Centre) ခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် သုတ၊ ရသ စာအုပ်/စာစောင်များ ခင်းကျင်းပြသ

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲ‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတ၊ ရသစာအုပ်/စာစောင်များ ခင်းကျင်း ပြသခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး