(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ

မြိတ် နိုဝင်ဘာ ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မေသန္တာက အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားရေးစိတ်ဓာတ်အကြောင်းကို ကျောင်းသား/ သူများအား ဟောပြောခဲ့ပြီး ခရိုင်ရုံးဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဆရာ/ မများနှင့် ကျောင်းသား/ သူများအား ဝေငှပေးခဲ့သည်။

ထိုနောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာလေ့လာခဲ့ကြသည်။ ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျောင်းသား/ သူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းစကားပုံဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား/ သူများ ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)