တနင်္သာရီတိုင်းဒေသကြီး

ကလိန်အောင်မြို့၌ ပွင့်လင်းရာသီချိန်တွင် ဒေသထွက် မျှစ်ချဉ်များ အရောင်းအဝယ်ကောင်း

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ဒေသတွင် ပွင့်လင်းရာသီချိန်၌ ဒေသထွက်စားသောက်ကုန်တစ်ခုဖြစ်သည့် မျှစ်ချဉ်လုပ်ငန်းမှလည်း ပြန်လည်၍ အရောင်းအဝယ်ကောင်းလာကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူထံမှ သိရသည်။

ပုလောမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေးဟောပြော၍ကျောင်းသား/သူများအား သားအိမ်ခေါင်း ရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုလောမြို့၊ အမှတ်(၆) အခြေခံပညာကျောင်း၌  ယနေ့နံနက်ပိုင်းက အသိပညာပေးဟောပြောခဲ့၍ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

ယနေ့တွင် ကျရောက်သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။

တနင်္သာရီမြို့နယ်၌ (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာကျရောက်မည့် (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို တနင်္သာရီမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် (၁ဝ၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

အမျိုးသားရေးစိတ်ဓာတ်နှင့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ ဖြစ်ထွန်းစေခဲ့ပြီး ပြည်သူလူထုကို နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော (၁၀၄)နှစ်ရှိခဲ့ပြီဖြစ်သည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုင်ငံတစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

လောင်းလုံးမြို့နယ်အနေဖြင့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အနေဖြင့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ထားဝယ်မြို့ အ.ထ.က(၁)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီအချိန်က ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအကြောင်း အသိပညာပေး ဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအကြောင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်း၌ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ထားဝယ်မြို့တွင်(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊အမှတ်(1)အခြေခံပညာ အထက်တန်းကျောင်းတွင် စာသင်ကြားနေသော ကျောင်းသား/သူများနှင့်ကျောင်းသားမိဘများအား အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာအသိပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်  ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းတွင် အခဲ့ဖြန့်ဝေပေးခဲ့ သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး