သရက်ချောင်း နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ အသက် ၉ နှစ်ပြည့်ပြီး အသက် ၁၂ နှစ်မပြည့်သေးသော ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ ဆရာမများက (HPV)သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့(HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးရာ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မပြည့်သေးသော ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ကျန်းမာရေးဆရာမများက ကျောင်းသူများအား စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးနောက် (HPV)သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား စနစ်တကျထိုးနှံပေးခဲ့ ရာ (အ-ထ-က)သရက်ချောင်းကျောင်းမှ ဆရာမများက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ကာကွယ်ရေးထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကိုပေါင်းစပ်ညိုနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို သတ်မှတ်ရက်ကာလအတွင်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)