ကော့သောင်း နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အ.ထ.က(ခွဲ) အ.လ.က(၂) ရွှေမင်းဝံကျောင်း၊ ဘင်ခရာအသင်းစတင်တည်ထောင်ရန် မတည်ငွေများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အ.ထ.က(ခွဲ)အ.လ.က (၂) ကျောင်း၊ မဟော်ဂနီခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကော့သောင်းမြို့နယ်ပညာရေးမှူး ဆရာကြီးဦးကျော်ငွေက အဖွင့်အမှာစကားနှင့် ဘင်ခရာအသင်းစတည်ထောင်ရန် မတည်ငွေများလှူဒါန်းခြင်းအတွက် ဝမ်းမြောက်စကားပြောကြားခဲ့သည်။ ယင်းနောက် ကော့သောင်းခရိုင် ဆန်စပါးကုန်သည်များအသင်းမှ အ.ထ.က(ခွဲ)အ.လ.က(၂) ကော့သောင်းဘင်ခရာအသင်း စတင်တည်ထောင်ရန် မတည်ငွေ(၂၅)သိန်းကျပ်နှင့် မောင်စိုင်းသီဟဦး (Grade-10)မှ မတည်ငွေ (၁၂)သိန်းကျပ်အား ကျောင်းအုပ် ဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြပြီး ကျောင်းအကျိုးတော်ဆောင်နာယက ဦးအင်ရှိန်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးလင်းလင်းထိုက်က ဘင်ခရာအသင်းစတင်တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များ၊ မျှော်မှန်းထားရှိမှုများပြောကြားခဲ့ပြီး ယခုကဲ့သို့မတည်ငွေများလှူဒါန်းခြင်းကြောင့် ဘင်ခရာအသင်းစတင်တည်ထောင်ရန်အတွက် များစွာအကူအညီအထောက်အပံ့ဖြစ်ကြောင်း ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)