သရက်ချောင်း နိုဝင်ဘာ ၂၂
“ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့” ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ကျရောက်မည့် (၁၀၄)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား ဖြန့်ဝေခဲ့သည်။
အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် ၂၀၂၄ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ခုနှစ်၊ ဇန်နဝါရီ ၂၀ရက်နေ့တွင်ပြောကြားသော အလယ်ပစ္စယံညီလာခံမိန့်ခွန်းမှ ကောက်နုတ်ချက်၊ မွေးရာပါအမျိုးသားရေး တာဝန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၁၂-၂၀၂၃ရက်နေ့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ အမျိုးသားရေး စိတ်ဓာတ်အားမာန်၊ ဗြိတိသျှတို့ပြဠာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ ကဗျာများ၊ ဆောင်ပုဒ်များ၊ မှတ်တမ်းဓါတ်ပုံများ စသည့်စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)