ကျွန်းစုမြို့တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအကြောင်း အသိပညာပေး ဟောပြော

ကျွန်းစု နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေများအကြောင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်း၌ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က သက်ကြီးရွယ်အိုအခွင့်အရေးများ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သက်ကြီးရွယ်အိုများ၏ စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူမှုပင်စင်ထောက်ပံ့ပေးနေမှုများနှင့် အသက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေများစသည်တို့ကို ကျောင်းသား၊ ကျောင်းသူလူငယ်များ သိရှိနိုင်စေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)