ရေဖြူမြို့နယ်မှ ထွက်ရှိသောကွမ်းသီးများ ရာသီစချိန်တွင် ဈေးကောင်းရရှိနေ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရော်ဘာနှင့် ကွမ်းသီးကို အများဆုံးစိုက်ပျိုးကြပြီး ရေဖြူမြို့နယ်မှ ထွက်ရှိသောကွမ်းသီးများကို ရေဖြူနှင့် ထားဝယ်ရှိ ပွဲရုံရှင်များက အဓိကဝယ်ယူကြကာ ရန်ကုန်နှင့် မန္တလေးမြို့များသို တင်ပို့ရောင်းချပြီး ရာသီစချိန်တွင်ပင် ဈေးကောင်းရရှိနေကြောင်း သိရသည်။