တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု လျောနည်းပပျောက်စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနွေးဟေမာသင်းနှင့် ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ တောင်ကိုရီးယားနိုင်ငံထုတ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး “Euvichol” ကို အ.ထ.က-တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း၌ ချောင်းကြီးရပ်ကွက်အတွင်းမှ အသက် (၁) နှစ်နှင့်အထက် ကလေးများနှင့် အသက်ကြီး အရွယ်အိုများအထိ ဦးတည် အုပ်စုများအား တိုက်ကျွေးပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးကြသည်။

ကျွန်းစုမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine – OCV) ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က ကျွန်းစု‌ကျောင်း၌ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ မြိတ်မြို့သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့က ရပ်ကွက်/ကျေးရွာ ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊နှစ်ဆုံးစာမေးပွဲ နောက်ဆုံးနေ့လူမှုရေး၊ သိပ္ပံဘာသာ အေးချမ်းစွာဖြေဆိုပြီးစီး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာနှစ်၏ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲ နောက်ဆုံးနေ့အဖြစ် လူမှုရေးနှင့်သိပ္ပံဘာသာကို ယနေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်းများ၌ အေးချမ်းစွာဖြေဆိုပြီးစီးကြပြီဖြစ်ကြောင်း သိရသည်။    

ထားဝယ်တက္ကသိုလ်၌ "အမျိုးသမီးများနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး"ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ထားဝယ်တက္ကသိုလ်တို့ ပူးပေါင်း၍ "အမျိုးသမီးများနှင့်ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်တက္ကသိုလ်၌ ကျင်းပသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ်

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများအား ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု ရရှိစေရန် ရည်ရွယ်၍ လက်မှုပညာရပ်ဖြစ်သည့် ပန်းအလှထိုးနည်းသင်တန်းကို ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်‌ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြုံ‌တွေ့လာရပါက အထိရောက်ဆုံးနှင့် အလွယ်ကူဆုံး တုံ့ပြန်ရှင်းလင်းနိုင်‌စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က ဌာနဆိုင်ရာရုံးများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ စစ်‌ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျွန်းစုမြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine – OCV)ကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ (၁၀)မိုင် ကျေးရွာရှိ အောင်ချမ်းသာကွက်သစ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အ.ထ.က-ကျွန်းစုစာစစ်ဌာန၌  မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး​၊ ကျွန်းစုမြို့နယ်တွင် မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရန်၊ မီးဘေးလုံခြုံရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး