တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်

(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ဗုဒ္ဓတက္ကသိုလ်၏ သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်

ပြည်တွင်း၊ ပြည်ပသာသနာပြုပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ဆရာကြီးဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်)တို့ တည်ထောင်ဖွင့်လှစ်ထားသော ထားဝယ်ဗုဒ္ဓတက္ကသိုလ်၏ သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာ၌ ကျင်းပရာရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီးမီးထွန်းညှိပူဇော်သည်။

ကော့သောင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဂတိကင်းစင်လုပ်ငန်းခွင်ဖြစ်စေရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောဆွေးနွေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများအား အဂတိကင်းစင်လုပ်ငန်းခွင်ဖြစ်စေရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောဆွေးနွေးခြင်းများကို မတ်လ ၁ ရက်နေ့၊ မွန်းလွဲပိုင်းက ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့တွင် (၂၃)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာပြန်စာမေးပွဲ အလှူတော်‌‌ငွေပေးအပ်ပွဲနှင့် စာပြန်စာမေးပွဲဖွင့်ပွဲအခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၂၃)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာပြန်စာမေးပွဲ အလှူတော်ငွေပေးအပ်ပွဲနှင့် စာပြန်စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြည်တော်အေးသာသနာ့ ဗိမာန်တော်တွင်ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ သံဃနာယက ဆရာတော်ကြီးများ၊ စာချ၊ စာမဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စာပြန်ပွဲဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ ထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ကော့သောင်းမြို့နယ်တွင် ဆိုလာအသေးစားဓါတ်အားပေးစနစ်လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်ပို့ချ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စု၊ ကြိမ်မဲတောင်ကျေးရွာတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆိုလာအသေးစားဓါတ်အားပေးစနစ်မီးလင်းရေးနှင့် အအေးခန်းသိုလှောင်စနစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာအသိပညာပေး သင်တန်းပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစတင်၍ ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိသည်။

ထားဝယ်မြို့တွင် မီးဘေးလုံခြုံရေးအသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးလန့်မှုများမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်စေရေး ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်မှုများကို ထားဝယ်မြို့၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းသည် ကော့သောင်းခရိုင်နှင့်ဘုတ်ပြင်းခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းနှင့်‌ ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခြင်းများကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့၌ ဆောင်ရွက်ခဲ့သည်။

မြိတ်မြို့တွင် ဖိတ်ခေါ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးနှင့် မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်မြို့နယ် မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်ကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး