တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အ.ထ.က-ကျွန်းစုစာစစ်ဌာန၌  မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကျွန်းစု ဖေဖော်ဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး​၊ ကျွန်းစုမြို့နယ်တွင် မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရန်၊ မီးဘေးလုံခြုံရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်မျာက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပဖြေဆိုမည့် အ.ထ.က ကျွန်းစုကျောင်း၌ လျှပ်စစ်မီးအသုံးပြုမှု အခြေအနေများ၊ မီးဘေးကြိုတင်ကာကွယ်ရေးထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူးများ ထားရှိမှုများ၊ ရေရရှိမှု အခြေအနေများအား စစ်ဆေးခဲ့ကြ​ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)