ကော့သောင်း ဖေဖော်ဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ (၁၀)မိုင် ကျေးရွာရှိ အောင်ချမ်းသာကွက်သစ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကော့သောင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများအားလည်းကောင်း၊ ဥပဒေအရ အဆိုးဝါးဆုံးပုံစံဖြင့် ကလေးများအား ခိုင်းစေသည့် အလုပ်များအားလည်းကောင်း၊ အလုပ်လုပ်နိုင်သည့် ကလေးအသက်အရွယ်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန် လိုအပ်သော ကလေး အမျိုးအစားအားလည်းကောင်း၊ အဆိုးအဝါးဆုံးပုံစံဖြင့် ကလေးသူငယ်များအား ခိုင်းစေသည့်အတွက် ပြစ်မှု/ပြစ်ဒဏ်များအားလည်းကောင်း၊ အဆိုးဝါးဆုံးပုံစံဖြင့် ကလေးသူငယ်များအား အလုပ်ခိုင်းစေမှု ရှိလာပါက လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးများအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ခရိုင်(ပြန်/ဆက်)