တနင်္သာရီ ဖေဖော်ဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာနှစ်၏ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲ နောက်ဆုံးနေ့အဖြစ် လူမှုရေးနှင့်သိပ္ပံဘာသာကို ယနေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်းများ၌ အေးချမ်းစွာဖြေဆိုပြီးစီးကြပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ နောက်ဆုံးနေ့တွင် အထက်တန်း(၃)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၃)ကျောင်းပေါင်း(၆) ကျောင်းတို့မှ Grade-10၊ Grade-11 နှင့် Grade-12 တို့မှ စာရင်းရှိဦးရေ ကျား(၂၆၄)ဦး၊ မ(၄၉၇)ဦး၊ ပေါင်း(၇၆၁)ဦးရှိသည့်အနက် ကျား(၂၃၅)ဦး၊ မ(၄၄၇)ဦး၊ ပေါင်း(၆၈၂)ဦးတို့ လာရောက်ဖြေဆိုကြသဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၈၉.၆၁၈) ဖြစ်ကြောင်း သိရသည်။
ဤမြို့နယ်အတွင်း အခြေခံပညာအဆင့် ကျောင်းတွင်းစစ် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းကို KG အတန်းမှ Grade-12 အတန်းအထိ (Grade-5နှင့်Grade-9 မပါ)စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၀ ရက်မှ ဖေဖော်ဝါရီလ၂၇ ရက်နေ့အတွင်း (တနင်္ဂနွေနေ့)မပါဘဲ စစ်ဆေးခဲ့ကြရာ အထက်တန်း(၃) ကျောင်း၊ အထက်ကျောင်း(ခွဲ)(၃)ကျောင်း၊ အလယ်တန်း(၃)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၆)ကျောင်း၊ မူလတန်းလွန် (၁၀)ကျောင်း၊ မူလတန်း(၂၉)ကျောင်းနှင့် မူလတန်းခွဲ(၅)ကျောင်း စုစုပေါင်း(၅၉)ကျောင်းတို့မှ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် စာရင်းရှိ ကျောင်းသား (၅၈၄၈)ဦး+ မ(၆၁၈၆)ဦး၊ စုစုပေါင်း(၁၂၀၃၄)ဦးရှိသည့်အနက် ကျောင်းသား(၅၀၆၈)ဦးနှင့် မ (၅၄၄၈) ဦး၊ စုစုပေါင်း(၁၀၅၁၆)ဦး လာရောက်ဖြေဆိုသဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၈၇.၃၈၅၇)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)