သရက်ချောင်းမြို့နယ်၌ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်‌ဆေးဆောင်ရွက်

သရက်ချောင်း ဖေဖော်ဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြုံ‌တွေ့လာရပါက အထိရောက်ဆုံးနှင့် အလွယ်ကူဆုံး တုံ့ပြန်ရှင်းလင်းနိုင်‌စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က ဌာနဆိုင်ရာရုံးများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ စစ်‌ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ဦး‌ဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ ရေစည်/ ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ကြရန်ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများအား လက်တွေ့သင်ကြားပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)