ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ်

ထားဝယ် ဖေဖော်ဝါရီ ၂၇

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများအား ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု ရရှိစေရန် ရည်ရွယ်၍ လက်မှုပညာရပ်ဖြစ်သည့် ပန်းအလှထိုးနည်းသင်တန်းကို ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က မိမိတို့ဝါသနာပါသည့် ပန်းအလှထိုးလုပ်ငန်းများကို လေ့လာနိုင်ပြီး စိတ်ပါဝင်စားစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ မိမိတတ်ကျွမ်းထားသည့် ပညာရပ်များကို ကောင်းကျိုးရှိရှိ ကြံဆအသုံးပြုတတ်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူးက ဝန်ထမ်းများအား ပန်းထိုးနည်းနှင့် ပန်းအလှထိုးနည်းများကို လက်တွေ့ပြသပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)