တနင်္သာရီတိုင်းဒေသကြီး

ပြည်ကြီးမဏ္ဍိုင်မြို့၌ ဘူးသီးများလှိုင်လှိုင်ထွက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေကို အသုံးပြု၍ စိုက်ပျိုးထားသော ဘူးသီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။

ခမောက်ကြီးမြို့ ပြည်သူ့စာကြည့်တိုက် Community Centre တွင် ကလေးလူငယ်များ အသိပညာပေး နံရံကပ်စာစောင်၊ပြပွဲများ ကြည့်ရှုခြင်းနှင့် ကလေးစာဖတ်ခန်း လှုပ်ရှားမှုများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခ‌‌မောက်ကြီးမြို့တွင် ကလေးလူငယ်များသည် ခမောက်ကြီးမြို့ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ အသိပညာပေး နံရံကပ်စာစောင်၊ ပြပွဲများ ကြည့်ရှုခြင်းစာအုပ်များ ငှားရမ်းခြင်းနှင့် ကလေးစာဖတ်ခန်းလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြသည်။

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဘုတ်ပြင်းခရိုင်အတွင်း တည်ဆောက်ရေးများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၃၉.၈၈၀) သန်းဖြင့် အောင်မင်္ဂလာရပ်ကွက် ရွှေသာလျောင်း ဘုရားလမ်း အရှည်(၁၃၀၀)ပေ၊ အကျယ်(၂၂)ပေ၊ ထု(၇) လက်မ ထက်ပိုးကတ္တရာလမ်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၄.၁၆၀) သန်းဖြင့် ရွှေဘုံသာရပ်ကွက် ရွှေမြိုင်လမ်း ကျောက်စီရေမြောင်း ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ‌E.D.C Engineer Group Co.,Ltd ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းအိမ်ရာ  Lot(8) (၄)ခန်းတွဲ (၄)ထပ် (၁၀၈၈၅ စ/ပေ) ဝန်ထမ်းအိမ်ရာတည်ဆောက်နေမူကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်သို့ ရောက်ရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်သပြေခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းအချိန်က မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကျွန်းစုမြို့နယ်ကိုယ်စားပြု အားကစားသမားများအား သောင်းသောင်းဖျဖျ ကြိုဆို

တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကျွန်းစုမြို့နယ်ကိုယ်စားပြု  အားကစားသမားများအား ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။

တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် နွေရာသီကျောင်းပိတ်ရက်များကိုအကျိုးရှိရှိ အသုံးချတတ်စေရန် နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များပေါ်ထွန်းစာစေရန် ရည်ရွယ်ချက်များဖြင့် မတ်လ ၆ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် နွေရာသီဘောလုံးအားကစားနည်းနှင့်ဘော်လီဘောကစားနည်း အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၇ ရက်နေ့ မွန်းလွှဲ၃နာရီခွဲအချိန်က မြို့နယ်အားကစား ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ထနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများအား အားဖြည့် အချိုရည်နှင့်အာဟာရမုန့်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီး ဖြစ်ကြောင်းသိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး