တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ထားဝယ် မတ် ၁၈

ထနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဖြေဆို/ပျက်ကွက်သူ ဦးရေ စာရင်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က စာမေးပွဲအခန်း တာဝန်ကျကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာဖြေသူနှင့်စာမေးပွဲလုပ်ငန်း အနှောင့်အယှက်မဖြစ်စေရေး ဂရုစိုက် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စာမေးပွဲဖြေဆိုနေသည့်ကာလအတွင်း စာဖြေခန်း အတွင်းအပြင် သန့်ရှင်းရေး၊ လေဝင်လေထွက် ကောင်းမွန်ရေးနှင့် အလင်းရောင်လုံလောက်စွာ ရရှိရေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သက်ဆိုင်ရာစာစစ်ဌာန(၁၆)ခု၌ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုသူ ဦးရေ ကျား(၁၆၂၁)ဦး၊ မ(၂၉၂၀)ဦး၊ စုစုပေါင်း(၄၅၄၁)ဦး၊ (၉၅.၄၆%) ဝင်ရောက်ဖြေဆိုကြောင်း သိရပြီး ပျက်ကွက်သူ ဦးရေမှာကျား(၁၀၇)ဦး၊ မ(၁၀၉)ဦး၊ စုစုပေါင်း (၂၁၆)ဦး၊ (၄.၅၄%) ရှိကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများ၌ ဆရာ/မများ၊ ကျောင်းသား/သူများအား စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)