ဘုတ်ပြင်း မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇ )ရက်နေ့မှစတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီး ဖြစ်ကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဘုတ်ပြင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ကျောင်းသား၊ ကျောင်းသူများကို အားဖြည့်အချိုရေနှင့် အာဟာရပြည့်မုန့်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)