ခမောက်ကြီးမြို့ ပြည်သူ့စာကြည့်တိုက် Community Centre တွင် ကလေးလူငယ်များ အသိပညာပေး နံရံကပ်စာစောင်၊ပြပွဲများ ကြည့်ရှုခြင်းနှင့် ကလေးစာဖတ်ခန်း လှုပ်ရှားမှုများ ဆောင်ရွက်

ခမောက်ကြီး မတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခ‌‌မောက်ကြီးမြို့တွင် ကလေးလူငယ်များသည် ခမောက်ကြီးမြို့ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ အသိပညာပေး နံရံကပ်စာစောင်၊ ပြပွဲများ ကြည့်ရှုခြင်းစာအုပ်များ ငှားရမ်းခြင်းနှင့် ကလေးစာဖတ်ခန်းလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြသည်။

ကလေးလူငယ်များသည် စာကြည့်တိုက်မှ အသိပညာ ဗဟုသုတ ရရှိစေသည့် သုတ စာအုပ်များအပြင် စိတ်အပန်းပြေစေသည့် ရသစာအုပ်များကို ငှားရမ်းဖတ်ရှုခဲ့ကြပြီး Community Centre ခန်းမတွင် ကပ်နှံထားရှိသည့်၊ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ မှတ်တမ်းဓာတ်ပုံများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး စာစောင်များနှင့် ရုပ်ပုံများ စသည့် အသိပညာပေး နံရံကပ်ပြဘုတ်များ၊ စာအုပ်ပြပွဲများ၊ Museumပြခန်းများအား လေ့လာကြည့်ရှုခြင်းနှင့် ကလေးစာဖတ်ခန်းအတွင်း စာဖတ်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ဒိုးဇက်ဆက်ကစားခြင်းနှင့် စက္ကူအရုပ် ခေါက်ခြင်းများ ဆောင်ရွက်ကြသည်။

မြို့နယ် (ပြန်/ဆက်)