ဘုတ်ပြင်း မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၃၉.၈၈၀) သန်းဖြင့် အောင်မင်္ဂလာရပ်ကွက် ရွှေသာလျောင်း ဘုရားလမ်း အရှည်(၁၃၀၀)ပေ၊ အကျယ်(၂၂)ပေ၊ ထု(၇) လက်မ ထက်ပိုးကတ္တရာလမ်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၄.၁၆၀) သန်းဖြင့် ရွှေဘုံသာရပ်ကွက် ရွှေမြိုင်လမ်း ကျောက်စီရေမြောင်း ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် E.D.C Engineer Group Co.,Ltd ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းအိမ်ရာ Lot(8) (၄)ခန်းတွဲ (၄)ထပ် (၁၀၈၈၅ စ/ပေ) ဝန်ထမ်းအိမ်ရာတည်ဆောက်နေမူကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၁၉၉.၅၀၀)သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် အုန်းတောကမ်း ကျေးရွာအုပ်စုရှိ အုန်းတောကမ်း-နီပါး-ပါစပ်ကုန်း ကျေးရွာချင်း ဆက်လမ်း (၀/၃)မိုင်အား (၁၂)ပေအကျယ်၊ (၇)လက်မထု ကွန်ကရစ်လမ်းခင်းခြင်း၊ အမာခံလမ်း ပုခုံးခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)