တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

တနင်္သာရီ မတ် ၁၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် ဘုတ်ပြင်းမြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၂၀၅) ဦး (၉၄ ဒသမ ၉၁ ရာခိုင်နှုန်း) ဖြေဆိုကြပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၁) ဦး (၅ ဒသမ ၉ ရာခိုင်နှုန်း)၊ ကျွန်းစုမြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၄၄၈) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၄၃ ရာခိုင်နှုန်း) ရှိပြီး၊ ဖြေဆိုရန်ပျက်ကွက်သူ (၄၂) ဦး၊ (၈.၅၇ ရာခိုင်နှုန်း)၊ ပုလောမြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၂၁၃) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၃၈ ရာခိုင်နှုန်း)၊ ကော့ကရိတ်မြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၁၈၈) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၈၉.၉၅  ရာခိုင်နှုန်း)၊ ဖြေဆိုရန်ပျက်ကွက်သူ  (၂၁) ဦး၊ သရက်ချောင်းမြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၆၄) ဦး ဖြေဆိုသူ ရာခိုင်နှုန်း (၉၄.၁၂ ရာခိုင်နှုန်း)၊ တနင်္သာရီမြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၁၇၄) ဦး၊ ခမောက်ကြီး မြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ(၅၄) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၃ ရာခိုင်နှုန်း၊ ဖြေဆိုရန်ပျက်ကွက်သူ (၄) ဦး၊ (၇ ရာခိုင်နှုန်း) တို့ဖြင့် အသီးသီးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ် ကြည့် ရှုပေးလျက်ရှိကာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)