ကျွန်းစုမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၉၁.၄၃) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို
၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ စတင်၍ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၉၁.၄၃) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။