ကျွန်းစု မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကျွန်းစုမြို့နယ်ကိုယ်စားပြု အားကစားသမားများအား ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ကြိုဆိုရာတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံပြည်သူများက မြို့အဝင်ဆိပ်ကမ်း၌ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပြီးနောက် အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။
ပြေးခုန်ပစ်ပြိုင်ပွဲကို မတ်လ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့ အထိ ထားဝယ်မြို့၌ ကျင်းပခဲ့ပြီး ကျွန်းစုမြို့နယ် ပြေး၊ ခုန်၊ ပစ် အသင်း သွားရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားပြိုင်ပွဲတွင် ရွှေ ၁ ခု၊ ငွေ ၃ ခု၊ ကြေး ၄ ခု နှင့် အမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ခု၊ ငွေ(၄)ခု၊ ကြေး(၃)ခုဖြင့် တံခွန်စိုက်ဆုဖလား ရရှိခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)