ထားဝယ်မြို့ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်သည် ဌာနဆိုင်တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။