ကော့သောင်းမြို့၌ ရွာသာယာကျေးရွာ၊ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းထူထောင်ရေး အသိပညာပေး
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ပုလုံးတုံတုံးကျေးရွာအုပ်စု ရွာသာယာကျေးရွာ၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေး စီမံကိန်းအတွက် ရွာသာယာကျေးရွာတွင် ဇန်နဝါရီ၂၄ရက် နံနက်ပိုင်းက သက်ဆိုင် ရာဌာနများမှ ကဏ္ဍအလိုက်အသိပညာပေးဟောပြောသည်။