ကျွန်းစု ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် လူငယ်လူရွယ်များ ဓမ္မတရားတော်များကို လေ့လာသင်ယူ၍ ယဉ်ကျေးလိမ္မာသော လူငယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ ပထမအကြိမ်ဓမ္မစကြာရွတ်ဖတ်ပြိုင်ပွဲကို အထက-ကျွန်းစုကျောင်း၌ ဇူလိုင် ၂၂ ရက်နေ့က ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများက ဓမ္မစကြာတရားတော်ကို စည်းကမ်းတကျ ရွတ်ဖတ်ယှဉ်ပြိုင်ခဲ့ကြပြီး ဒိုင်အဖွဲ့က အသံထွက်မှန်ကန်မှု၊ ရွတ်ဖတ်ဟန်၊ အချိန်ကိုက်ညီမှုနှင့် စည်းကမ်းလိုက်နာမှုတို့ကို အခြေခံ၍ အကဲဖြတ်အမှတ်ပေးခဲ့သည်။
အခမ်းအနားသို့ ကျောင်းအုပ် ဒေါ်ဌေးဌေးဝင်းနှင့် ဆရာ၊ ဆရာမများ တက်ရောက်အားပေးခဲ့ကြပြီး အဆိုပါ ဓမ္မစကြာရွတ်ဖတ်ပြိုင်ပွဲကို လူငယ်များအကြား ဗုဒ္ဓတရားတော်များအပေါ် စိတ်ဝင်စားမှုမြင့်မားလာစေရန်နှင့် ဘာသာရေးအသိအမြင်များ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ယင်းပြိုင်ပွဲကို နှစ်စဉ် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)