ပုလော ဇူလိုင် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးသော တောင်သူများအား မိုးစပါးသီးနှံအထွက်နှုန်း ရရှိရေး ဆောင်ရွက်မည့် နည်းလမ်းများ ပညာပေးသင်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် သမဝါယမဦးစီးဌာနရုံးခန်းမတွင် ဖွင့်လှစ်သည်။
သင်တန်းတွင် ပုလောမြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသော်ဇင်ထွန်း သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက် အကျိုးကျ သုံးစွဲနည်းလမ်းများကို အသေးစိတ် ဆွေးနွေးကြသည်။
သင်တန်းကို ပုလောမြို့နယ်ရှိ အခြေခံသမဝါယမ အသင်းများမှ အသင်းသားတောင်သူ ၅၉ ဦး တက်ရောက်ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
မြို့နယ်သမဝါယမဦးစီးဌာနမှ အသင်းသားတောင်သူများ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးနှင့် မိုးစပါးအသီးနှံအထွက်နှုန်း တိုးစေရေးတို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)