မကွေးတိုင်းဒေသကြီး

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြား အစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့ပေါ်(၈)ရပ်ကွက်ရှိ အသက် ၁၈နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ‌သေးသူများ၊ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား) မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား) မြို့နယ်အဆင့်ဆွေးနွေးပွဲသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဆိပ်ဖြူ(အ.ထ.က) ကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို “QUICK WIN” ရက်(၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်သော ကျေးရွာမီးလင်းရေးဖွင့်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အသစ်၏ “QUICK WIN” ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးဖွင့်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နတ်မောက်မြို့နယ် သစ်ရာကိုင်းကျေးရွာနှင့် ပြည်သူ့ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အောင်လံမြို့နယ်၌ Quick Win ရက် ၁၀၀ စီမံချက်အတွင်း စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်သည့် တောင်သူများအား ချေးငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ Quick Win ရက် ၁၀၀ စီမံချက်အတွင်း ပြည်ထောင်စုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်မည့် တောင်သူများအား ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက Quick Win ရက် ၁၀၀ စီမံချက်အတွင်း ပြည်ထောင်စုနိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများကို သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ချေးပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

မကွေးတိုင်းဒေသကြီး၌ လမ်း၊ တံတားလုပ်ငန်းများအတွက် တင်ဒါအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီးအစိုးရအဖွဲ့(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လမ်း၊ တံတားလုပ်ငန်းများအတွက် ပစ္စည်းတင်ဒါနည်းပညာအဆိုပြုလွှာစာအိတ်(A) နှင့် လုပ်ငန်းတင်ဒါနည်းပညာအဆိုပြုလွှာ စာအိတ် (A) များ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို မေ ၂၁ ရက်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့ အမှတ်(၁)အခြေခံပညာ ကျောင်းဝန်းအတွင်းသန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှုအားပေး

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာ မေ ၂၃ ရက်နေ့ နံနက် (၇) နာရီက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ် မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မကွေးမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။

မင်းဘူးမြို့၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် Grade-10 ၊ Grade-11 ၊ Grade-12 သင်ကြား ရေးတာဝန်ယူကြမည့် ဆရာ၊ ဆရာမများအတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြု ဘာသာရပ်ဆိုင်ရာ သင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

မင်းဘူးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တို့က စာရေးဆရာ အောင်သင်းရေးသားထားသည့် “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းအား ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community )ခန်းမ၌ကျင်းပသည်။

သရက်မြို့၌ မိုးကြိုဖလား အပျော်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ မိုးကြိုဖလား အပျော်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း အတွင်းရှိ ဖူဆယ်ကွင်းတွင် ဖွင့်ပွဲပြုလုပ်ကျင်းပသည်။
Subscribe to မကွေးတိုင်းဒေသကြီး