မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ် မြို့မစျေးကြီးတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ နတ်မောက်မြို့နယ် မြို့မစျေးကြီးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစျေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၃ နာရီ အချိန်က စျေးရပ်ကွက်ရှိ ပညာနန်းတော်ဘော်ဒါကျောင်းဆောင်တွင် ပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူပွဲကို ငဖဲမြို့ကျောင်းတွင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ဆောင်ရွက်သည်။

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်ဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲမှုလျှော့ချနိုင်ရန် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာများကို စိစစ်ရွေးချယ်ပြီး မြစိမ်းရောင်စီမံကိန်းကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင်ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အင်းကုန်းကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် ကျောင်းအပ်နှံရေးဆိုင်းဘုတ် မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးဆိုင်းဘုတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်(၈)နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးအရှေ့၌ ကျင်းပပြုလုပ်သည်။

မင်းဘူးမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုဆိုင်းဘုတ် စိုက်ထူ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုဆိုင်းဘုတ် စိုက်ထူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ခရိုင်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ငွေနှင်းမှိုစိုက်ပျိုးပြုစုစောင့်ရှောက်နည်းသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ အခြေခံအရင်းအနှီးနည်းပါးစွာဖြင့် အိမ်တွင်းတစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်စိုက်ပျိုးပြီး မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ "ငွေနှင်းမှိုစိုက်ပျိုးပြုစုစောင့်ရှောက်နည်းသင်တန်း" ဖွင့်ပွဲအခမ်းအနားကို မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီက အဆိုပါခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ ၂၀၂၆ ခုနှစ် မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သည့် (၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ဘက်စုံသုံးစိုက်ခင်း ကွက်လပ်ဖြည့် စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ ၂၀၂၆ခုနှစ် မိုးရာသီတွင်တည်ထောင်စိုက်ပျိုးခဲ့သည့် (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးဘက်စုံသုံးစိုက်ခင်းကွက်လပ်ဖြည့်စိုက်ပျိုးခြင်းကို မေလ၂၃ ရက်နေ့က ကျောက်မိချောင်းကြိုးဝိုင်း၊ ညောင်မှော်ကျေးရွာနှင့် ကင်မွန်းတောင် ကြိုးဝိုင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့''‌ ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်၈နာရီအချိန်မှစတင်ကာ ကျောင်းအပ်နှံလက်ခံခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ငဖဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်စတင်လက်ခံ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေးကို ယနေ့နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး