ဆိပ်ဖြူမြို့နယ်တွင် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား) မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းဆင်းပွဲ ကျင်းပ

ဆိပ်ဖြူ မေ ၂၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား) မြို့နယ်အဆင့်ဆွေးနွေးပွဲသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဆိပ်ဖြူ(အ.ထ.က) ကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက သင်တန်းဆင်းအမှာစကားနှင့် ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လမ်းညွှန်ပြောကြားပေးသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုက သင်တန်းသား ဆရာ/ဆရာမများအား ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွင့်ဖြိုးရေးဆိုင်ရာ(ဆင့်ပွား) ဆွေးနွေးခြင်းသင်တန်းမှရရှိသောအကျိုးကျေးဇူးများနှင့် ကိုယ်ရည်သွေးတို့ဖြင့်ပေါင်းစပ်၍ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပေးပြီး သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုင်ရာများက အသီးသီးပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းသား ဆရာ/ဆရာမများက တေးသရုပ်ဖော်အကများဖြင့်သီးဆိုဖျော်ဖြေခြင်း၊ ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား) သင်တန်း ကာလအတွင်း စာတွေလက်တွေ့ဆွေးနွေးခြင်းနှင့် လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့မှုတို့မှ ရရှိသည့် အချက်လက်များ ခင်းကျင်းပြသထားမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ကိုဇွဲ(အညာမြေ)