သရက်မြို့၌ မိုးကြိုဖလား အပျော်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

သရက်    မေ     ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ မိုးကြိုဖလား အပျော်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း အတွင်းရှိ ဖူဆယ်ကွင်းတွင် ဖွင့်ပွဲပြုလုပ်ကျင်းပသည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက အဖွင့်အမှာစကားပြောရာတွင် သန့်သန့်ရှင်းရှင်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကစားကြရန်လိုပါကြောင်းနှင့် စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ကစားဖို့လိုမှာဖြစ်ပါကြောင်း ပြောကြားပေးခဲ့သည်။ ပြိုင်ပွဲတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှအသင်း (၁၀)သင်းကို  ပါဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အုပ်စု(၂)စုခွဲ၍ ပြိုင်ပွဲကို ၂၄-၅-၂၀၂၆ ရက်နေ့မှစတင်ပြီး ၅-၆-၂၀၂၆ ရက်နေ့ထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်လုလင် (သရက်)