မကွေးတိုင်းဒေသကြီး၌ လမ်း၊ တံတားလုပ်ငန်းများအတွက် တင်ဒါအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနား ကျင်းပ

မကွေး မေ ၂၅

မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီးအစိုးရအဖွဲ့(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လမ်း၊ တံတားလုပ်ငန်းများအတွက် ပစ္စည်းတင်ဒါနည်းပညာအဆိုပြုလွှာစာအိတ်(A) နှင့် လုပ်ငန်းတင်ဒါနည်းပညာအဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို မေ ၂၁ရက်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်က အမှာစကားပြောကြားကာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းမိုးထိုက်က တင်ဒါဖွင့်ဖောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တင်ဒါကော်မတီဝင်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကုမ္ပဏီများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)