မကွေးတိုင်းဒေသကြီး

စလင်းမြို့နယ်၌ ချည်မျှင်ရှည်ဝါအား လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး ဝါတစ်ပိသာလျှင်ငွေကျပ်(၃၄၀၀)ကျပ်စျေးကောင်းရရှိသဖြင့် ဝါစိုက်တောင်သူများအဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ယခုနှစ်ဝါသီးနှံအား  လျာထားဧက(၂၅၇၄၂)ထက်ကျော်လွန်၍ (၂၇၆၅၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဝါသီးနှံပေါ်ချိန်မှ ယနေ့အထိ ဝါတစ်ပိသာလျှင် ငွေကျပ်(၃၄၀၀)ကျပ်ဖြင့်ရောင်းချရကြောင်းကို ဝါစိုက်တောင်သူ  အင်ကြင်းပင်လှကျေးရွာနှင့် ဒေသခံတောင်သူများထံမှသိရှိရ၍ ယခုနှစ်တွင်တောင်သူများ  အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကံမမြို့နယ် ကျွဲခေါင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊  တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး   အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီက ကံမမြို့နယ်၊ ကျွဲခေါင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့နေ့လယ်(၂)နာရီက   ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ မင်းကုန်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

နတ်မောက်မြို့၌ တောင်သူအသိပညာပေးဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) တွင် လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) ရှိ ပတ္တမြားဆောင်၌ ကျင်းပသည်။

ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝန်းအတွင်း၌ကျင်းပပြုလုပ်သည်။

စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို အမှတ် (၁) ဗန္ဒရရပ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးချေးငွေဖြင့် ဆုံဆီလုပ်ငန်းတစ်ပိုင်တစ်နိုင် မြေပဲ၊ နှမ်း၊ နေကြာကြိတ်ခွဲရောင်းချခြင်းဖြင့် မိသားစုလုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပေါင်းပင်ဇင်းရပ်ကွက် လှည်းကြီးစု ကံပွင့်အောင်ဆီဆုံကြိတ်လုပ်ငန်းမှာ နိုင်ငံစီးပွားမြှင့်တင်ရေးချေးငွေရယူ၍ မိသားစုတစ်နိုင်တစ်ပိုင် မြေပဲ၊ နှမ်း၊ နေကြာဆုံဆီ ကြိတ်ခွဲရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မင်းတုန်းမြို့ Community centre တွင် အထွေထွေဗဟုသုတပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre တွင် ယမန်နေ့ ညနေ ၂ နာရီက အထွေထွေဗဟုသုတပြိုင်ပွဲ ကျင်းပရာ အ.ထ.က မင်းတုန်းမှ Grade-7 ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
Subscribe to မကွေးတိုင်းဒေသကြီး