မကွေးတိုင်းဒေသကြီး

ကံမမြို့နယ်၌ မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာ ရုံးအဆောက်အဦများအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ဌာနဆိုင်ရာ ရုံးအဆောက်အဦများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ ညနေ (၄)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေးလေးပင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့်​ မေမြို့ပန်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆင်ဖြူချီကျေးရွာတွင် မေမြို့ပန်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်ပုံမှန် ဝင်ငွေရရှိလျက်ရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နိုင်ငံ့ပင်စင်စားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အဋ္ဌမအကြိမ် ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရွှေလှေကျေးရွာ အုပ်စု၊ ချွန်းစုကျေးရွာ၌ အဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အထက်တန်းကျောင်း၌ ​စုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ၂၅-၁-၂၀၂၄ ရက်နေ့ နံနက်(၉)နာရီအချိန်က ဆုနှင်းသဘင်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံပဲစင်းငုံစိုက်ခင်းများ သိမ်းဆည်းလျက်ရှိပြီး ပဲစင်းငုံတစ်တင်း ငွေကျပ် ၁၂၀,၀၀၀ ဈေးဖြင့် ရောင်းချနေရ

မကွေးတိုင်းဒေသကြီး၊ ပွင်ဖြူမြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ပဲစင်းငုံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဖြိုင်ဖြိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိကြောင်းသိရပြီး ယခုနှစ်တွင် ပဲစင်းငုံသီးနှံဈေးနှုန်းများ ယခင်နှစ်ကထက်ဈေးကောင်းရရှိသဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်လင်းရာသီကာလ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ဇန်နဝါရီ ၂၆ ရက်၊ နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကုလားကုန်းကျေးရွာရှိ မင်းထက်ကြွယ် စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်ပြီး မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား (Pfizer) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဆရာတော် သံဃာတော်များအား (Pfizer) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အုတ်ဖိုလ် တိုက်ကျောင်း ဘုန်းတော်ကြိးကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။

ရေနံချောင်းမြို့ ပင်းချောင်းမြို့ရေပေးဝေရေးလုပ်ငန်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသော ပင်းချောင်းရေစက်ရုံနှင့် ရေစိမ့်တွင်းများ ပင်းချောင်းရေတိုက်စားခြင်းနှင့် ကမ်းပါးပြိုကျခြင်းတို့မှ ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး