သရက် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဆရာတော် သံဃာတော်များအား (Pfizer) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အုတ်ဖိုလ် တိုက်ကျောင်း ဘုန်းတော်ကြိးကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ (Pfizer) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံလာသည့် သံဃာတော်များနှင့် သီလရှင် ဆရာလေးများအား ဆေးမထိုးမီ စာရင်းများ ပေးသွင်းစေပြီး ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများများကို ခရိုင်ဆရာဝန်ကြီး ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပါသည်။
ဆေးထိုးပြီး သံဃာတော်များအား နာရီဝက်ခန့် နာပြီးမှ ပြန်လည်ထွက်ခွာခွင့်ပေးခဲ့ကာ ကာကွယ်ဆေး ထိုးပေးရာတွင် မလိုလားအပ်သော ပြဿနာ တစ်စုံတစ်ရာ မမြစ်ပေါ်ရေး ကျန်းမာရေးဝန်ထမ်းများက စောင့်ကြပ်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)