စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အထက်တန်းကျောင်း၌ ​စုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပ

စလင်း ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ၂၅-၁-၂၀၂၄ ရက်နေ့ နံနက်(၉)နာရီအချိန်က ဆုနှင်းသဘင်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ Grade-6 ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော် တေးသီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ယဥ်မွန်က အဖွင့်အမှာစကား ပြောကြားခဲ့သည် ဆက်လက်၍ ဆင်ဖြူကျွန်းမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦးမှ မိမိတို့ဆင်ဖြူကျွန်းမြို့ အထက်တန်းကျောင်းမှ အစဥ်အလာမပျက် မြို့၏ဂုဏ်ဆောင်မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဆောင်းပါး စာစီစာကုံး၊ ကဗျာပြိုင်ပွဲမှ အခြေခံပညာအလယ်တန်းအဆင့် မွန်မြတ်လှပ၊ ဆရာ့ဘဝ ခေါင်းစဥ်ဖြင့် မကွေးတိုင်း ကိုယ်စားပြုတတိယဆုရရှိခဲ့သည့် အမျိုးသမီးကျောင်းသူနှင့် အခြေခံပညာ အထက်တန်းကျောင်းမှ စည်းကမ်းကောင်းမွန်၍ လူရည်ချွန်များနှင့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်သည့် ကျောင်းတော်ကြီးမို့ ဂုဏ်ယူပါကြောင်းဖြင့် ဤကျောင်း၏ဂုဏ်ကို ဆက်လက်ထိန်းသိမ်းကြိုးစားကြဘို့ တိုက်တွန်းမှားကြားခဲ့ပြီး ပညာရေး စုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ အလယ်တန်းအထက်တန်းအဆင့် ပညာရည်ချွန်စံပြဆုရရှိခဲ့ကြသူ ကျောင်းသား ကျောင်းသူ(၁၆၅)ဦးတို့အား ဆင်ဖြူကျွန်းမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ယဥ်မွန်နှင့် တာဝန်ရှိသူများ ဧည့်သည်တော်များမှဆုများ အသီးသီးချီးမြှင့်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက အက၊ အလှတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကဿာ ပညာရည်ချွန် Grade-6 မှ Grade-12 အထိ ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးတို့အား တစ်ဦးလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် ထူးချွန်သစ်လွင် ပဒေသာပင် ပညာရည်ချွန်ဆုချီးမြှင့်အဖွဲ့ ဆင်ဖြူကျွန်းမြို့ ကျောင်းသားဟောင်းများနှင့် မြို့မိမြို့ဖများက စုပေါင်း၍ နှစ်သိန်းငါးသောင်းကျပ် ထပ်မံချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

မောင်လွင် (စလင်း)