ကံမ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာ ရုံးအဆောက်အဦများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ ညနေ (၄)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးတင်အောင်ဝင်း၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲညွန့်နှင့် တာဝန်ရှိသူများက မီးငြိမ်းသတ်ယာဉ်များအနေဖြင့် လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအသင့်၊ ရေအသင့် ရှိနေစေရေး၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၌ လျှပ်စစ်အသုံးပြုမှု လုံခြုံမှု ရှိစေရေး၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိစေရေး၊ ရေ၊ သဲနှင့် မီးဘေးလုံခြုံရေးပစ္စည်းများ ပြည့်စုံစွာ ထားရှိစေရေးတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)