တောင်တွင်းကြီးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်() အခြေခံပညာအထက်တန်းကျောင်း ပေးလေးပင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အထက()ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် တေးသရုပ်ဖော် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲဝင်() ဗိုလ်မှူး သက်ခိုင်ထွန်းတို့မှ အမှာစကားများအသီးသီး ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်လှလှဝင်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားရာတွင် အခြေခံပညာကျောင်းများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြတ်ရေးအတွက် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်မှသာလျှင် ထူးချွန်ထက်မြတ်ယဥ်ကျေးလိမ်မာ သော ကျောင်းသား၊ ကျောင်းသူများ စဥ်ဆက်မပြတ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးသာမက ဘက်စုံဖွံဖြိုးတိုးတက်စေရန် မိဘ/ဆရာ/ ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းအဆင့် အကပြိုင်ပွဲတွင် ဆုရရှိသူများ၊ အင်္ဂလိပ်စာ သင်္ချာပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံတကာစာတက်မြောက်ရေးနှင့် ကမ္ဘာဆရာများနေ့ ဂုဏ်ပြုဆုများ၊ လွတ်လပ်ရေးနေ့နှင့် ကမ္ဘာခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ အထမ်း အမှတ် ဂုဏ်ပြုဆုများ၊ အမျိုးသားနေ့အောင်ပွဲနှင့် ပညာတန်းဆောင် ပြိုင်ပွဲဆုရှိသူ များ၊ အိုဇုန်းလွှာကာကွယ်ရေးနှင့် ၃၈ ဖြာညဏ်စမ်းပြိုင်ပွဲ ဂုဏ်ပြုဆုရရှိသူများ၊ တိုင်းဒေသ ကြီးအဆင့် အားကစားဆုရသည့် ကျောင်းသား/ ကျောင်းသူများ၊ ICT ပြိုင်ပွဲနှင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး  အထက(၁) ကျောင်းသား/ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် တေးသရုပ်ဖော်ကပြ တီးဆိုခဲ့ကာ အခမ်းအနားအား ရှုတ်သိမ်းခဲ့ ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)