မကွေးတိုင်းဒေသကြီး

(၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့ရှိ ၃၃/၁၁‌ ကေဗွီ(၅)အမ်ဗွီအေစစ္စနို့ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်ပေး

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦး‌အေးကျော်နှင့် တိုင်း‌ဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများအတူ ယမန်နေ့ နံနက် ၁၀ နာရီခွဲက မင်းလှမြို့နယ် လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ၃၃/၁၁ကေ ဗွီ(၅)အမ်ဗွီအေစစ္စနို့ဓာတ်ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်‌ပေးခဲ့ကြောင်း သိရသည်။ 

သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ သဲဖြူကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက သဲဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၇)နှစ်မြောက်ပြည်‌ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းလှမြို့ရှိ တိုးချဲ့ရေပေးရေး ဂါလံ ၁၅၀,၀၀၀ ဆံ့ ရေစုကန်အမှတ်(၂)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မင်းလှမြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့၏ မြို့တိုးချဲ့ရေပေးရေး ဂါလံ ၁၅၀၀၀၀ ဆံ့ ရေစုကန်အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက် ယနေ့နံနက်ပိုင်းက အဆိုပါမင်းလှမြို့ရေစုကန်အမှတ်(၂)၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သဘာဝအလှတရားများနှင့်ပြည့်စုံပြီး အေးချမ်းသာယာသည့် မင်းဘူးမြို့ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါသည်

မင်းဘူးမြို့သည် မကွေးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး ဧရိယာစတုရန်းမိုင်းပေါင်း ၆၄၂.၇ မိုင် ကျယ်ဝန်းသော မြို့တစ်မြို့ပင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၄ ပေတွင် တည်ရှိကာ ခြောက်သွေ့၍ အေးချမ်းသာယာခြင်း၊ စိမ်းစိုလန်းဆန်းသည့် ရှုခင်းများရှိခြင်း၊ သာယာလှပသော သာဘာဝအလှတရားများနှင့်ပြည့်စုံသည့် သမိုင်းဝင် အထင်ကရနေရာများက ကမ္ဘာလှည့်ခရီးသွားများ စိတ်ပါဝင်စားမှုကို မြင့်တက်စေခြင်းပင်ဖြစ်သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး တစ်ဧက ၁၈ ဒသမ ၂၅ တင်းခန့် ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ဒီဇင်ဘာလတတိယပတ်လောက်ကစပြီး စတင်ရိတ်သိမ်းခြွေလှေ့နေကြကြောင်း သိရကာ တစ်ဧကလျှင် နေကြာသီးနှံ ၁၈ ဒသမ ၂၅ တင်းခန့် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

အောင်လံမြို့၊ အ.ထ.က(၁)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို အောင်လံမြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁) ရွှေရတုခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့နယ်၌ ပြာသိုလပြည့်အမေများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်းကာ ပြာသိုလပြည့်အမေများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်တွင် မေမြို့ပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်၊ မြေအောက်ရေများအသုံးပြုပြီး ဆောင်းသီးနှံ မေမြို့ပန်းများ စိုက်ပျိုးရောင်းချရာတွင် အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။

မင်းဘူးခရိုင် အထွေထွေရောဂါကုဆေးရုံကြီးတွင် သံဃာတော်များနှင့်သီလရှင်များကို အခမဲ့ကျန်းမာရေးကုသဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေရောဂါကုဆေးရုံကြီးတွင် ရဟန်းသံဃာတော်များနှင့် သီလရှင်များအား သက်ရှည်ကျန်းမာစေရေးအတွက် အခမဲ့ကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီ ၂၆ ရက်၊ နံနက် ၈ နာရီက အဆိုပါ ဆေးရုံကုသဆောင်၌ ပြုလုပ်ဆောင်ရွက်ပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး ဆရာတော်ကြီးများနှင့် သီလရှင်များကို တွေ့ဆုံကာ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို မေးမြန်းလျှောက်ထား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ထုံးတောင်ကျေးရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ထုံးတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး