ရေနံချောင်း ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသော ပင်းချောင်းရေစက်ရုံနှင့် ရေစိမ့်တွင်းများ ပင်းချောင်းရေတိုက်စားခြင်းနှင့် ကမ်းပါးပြိုကျခြင်းတို့မှ ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သန်း ၄၀ ဖြင့် ရေစိမ့်တွင်းအမှတ်(၁)အား ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ရေစက်ရုံကမ်းပါးပြိုကျခြင်း၊ ရေစိမ့်တွင်းများအား ရေတိုက်စားခြင်းမှ ကာကွယ်ရန်အတွက် ရေကာတာတန်းပြုလုပ်ခြင်း၊ မျောတိုင်များစိုက်ထူခြင်း၊ မျောတန်းကာအတွင်း ကျောက်ကြီးစီထည့်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်အဖွဲ့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)