ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နိုင်ငံ့ပင်စင်စားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ထောက်ပံ့ငွေများ၊ ဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား (၃၀) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၂)သောင်း၊ ဆေးဝါးများနှင့် အာဟာရဖြည့်စွက် အစားအစာများအား ထောက်ပံ့ပေးအပ်ခဲ့​ပြီး နိုင်ငံ့ဝန်ထမ်းပင်စင်စား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)