စလင်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက် အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

စလင်း ဧပြီ ၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပေါင်းနားရပ်ကွက်အတွင်းရှိ အသက် (၁၀) နှစ်နှင့် (၁၈)​ နှစ်ကြားရှိသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းကို ပေါင်းနားရပ်ကွက် မင်းအာကာဘုရားတန်ဆောင်းအတွင်း၌ ဧပြီလ ၆ ရက် နံနက် ၈နာရီအချိန်မှ စတင်ကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစည်သူလွင်နှင့် တာဝန်ရှိသူများက အသက် (၁၀) နှစ်နှင့် အသက် (၁၈) နှစ်ကြားရှိလူငယ်များ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ ရပ်ကျေးအုပ်ချုပ်ရေး မှူးများနှင့်  ရပ်ကျေးစာရေးဝန်ထမ်းများ ရပ်ကွက်တာဝန်ရှိသူများ  ပူးပေါင်း၍  ဆောင်ရွက်နေမှုများကို  ကြည့်ရှုအားပေးခဲ့သည်။

ပေါင်းနားရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများမှ မိသားစုဝင် အသက် (၁၀) နှစ်မှ အသက် (၁၈) နှစ်ကြားရှိ လူငယ်များအား အိမ်ထောင်စုစာရင်းများကိုင်ဆောင်၍ မိဘနှစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်သူ၏ လိုင်စင်ဓာတ်ပုံ (၄) ပုံ ယူဆောင်၍ ရက် (၁၀၀) စီမံချက် အသက် (၁၀) နှစ်မှ အသက် (၁၈) နှစ်ကြားရှိ လူငယ် (၄၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)