ပခုက္ကူ ဧပြီ ၆
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဟာသင်္ကြန်ပွဲတော်အတွင်း ပါဝင်ဖျော်ဖြေနိုင်ရေး ဌာနဆိုင်ရာအလိုက်၊ ကျောင်းအလိုက်ယိမ်းအဖွဲ့များက ကြိုတင်လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက်၊ ကျောင်းအလိုက် ယိမ်းအဖွဲ့(၁၅)ဖွဲ့က ကြိုတင်လေ့ကျင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဗဟိုသင်္ကြန်မဏ္ဍပ်ကြီး၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ဧည့်ခံရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များနှင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်များပါ တည်ဆောက်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)